by မြန်မာ့ဆေးဖက်ဝင်အပင်များOctober 18, 2013 at 11:44pm
Item
Name ---------
Celery , Wild Celery ( တရုတ်နံနံ)
Category ------------ Raw Material
Botany Term ------- Apium graveolens Linn
Species Family ----- Umbelliferae
မြန်မာပြည်နေရာအနှံ့အပြား၌ စိုက်ပျိုးနိုင်သည်။ သဘာဝအလျေက်
ပေါက်ပင်ဖြစ်သော်လည်း ဟင်းသီးဟင်းရွက်အဖြစ်
စိုက်ပျိုးကြသည်။ စမုန်စပါးကဲ့သို့ပင် စိုက်ပျိုး၏။
♥ အပင်
နှစ်နှစ်ခံပင်ပျော့မျိုးဖြစ်၍ ၁-၃ ပေ ထိမြင့်သည်။ ပင်စည် ထောင်မတ်၍ အကိုင်းများ ဖြာထွက်သည်။
♥ အရွက်
အလွန်နက်သော
အ၀ိုက်များ ပါရှိ၍ ရွက်နားအခွ သို့မဟုတ် မညီညာသော ခွေးသွားစိပ်များ ရှိ၏။
အစိမ်းဖျော့ရောင် ရှိ၏ ။ အနံ့စူးရှသည်။
♥ အပွင့်
ငယ်၍ အစိမ်းရောင်သမ်းသော အဖြူရောင်ရှိ၍ ထီးသဏ္ဍာန်ကဲ့သို့ အဆုပ်လိုက်ပွင့်၏ ။
♥ အသီး
အမြောင်းများပါ၍ ကျဉ်းမြောင်းသည်။
♥ အစေ့
အလွန်သေးငယ်သည်။
► အသုံးဝင်ပုံ
အစေ့
♥ အာနိသင်
မြန်မာဆေးကျမ်းများ
အလိုအရ စမွတ်သည် ခါး၏ ၊ စပ်၏ ၊ ပူ၏ ၊ ကြေကျက်လွယ်၏ ၊
ဝမ်းမီးကို တောက်စေ၏ ၊ သုတ်ကို ပွားစေ၏ ၊ နှလုံးကို အကျိုးပြု၏ ၊
လေ ၊သလိပ်ကို နိုင်၏ ၊
လေပြွန်ချောင်းများပူခြင်း ၊ အော့အန်ခြင်း ၊ ကြက်ညှာချောင်းဆိုးခြင်းနှင့်
ရေဖျဉ်းရောဂါတို့ကို ပျောက်စေ၏ ။
► အစေ့ အသုံးပြုပုံ
၁ ။ အစေ့ကို
ကွမ်းရွက်ထဲတွင်ထည့်၍ အရည်ကို ငုံထားပါက ချောင်းခြောက် ၊ ချောင်းစိုရောဂါ
ပျောက်၏။
၂ ။ အစေ့နှင့် လေးညှင်းပွင့်ထိပ်ဖူးကိုကြိတ်၍ ပျားရည်နှင့်ရောစားပါက အော့အန်သောရောဂါ ပျောက်၏ ။
၃ ။အစေ့ကို ပါးစပ်တွင်ငုံ၍ ထွက်လာသောအရည်ကို မျိုချခြင်းဖြင့် ကြို့ထိုးရောဂါပျောက်၏ ။
၎ ။အစေ့ကို
ဆားပုပ်နှင့် ရောစားသော် ၀မ်းဗိုက်နာ ကောင်း၏ ။ ထန်းလျက်နှင့်ရော၍
လုံးစားသော် အစာမကြေ ၊ ရင်ပြည့် ၊ ၀မ်းကြော ၊
ဝမ်းဗိုက်ကြောတင်းခြင်းတို့ ပျောက်၏ ။
မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥
No comments:
Post a Comment